ကလေးမြို့ပေါ်ရပ်ကွက်များတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် မှတ်ပုံတင်လက်မှတ်များအား ထုတ်ပေးခဲ့သည့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးတွင် ( ၂၂.၁၁.၂၀၂၅ ) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေါ်စန္ဒာမွန် ( မြို့နယ်တာဝန်ခံ ) မှ တွေ့ဆုံ၍ လုပ်ငန်းရှင် ( ၃ ) ဦးအား အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုအား သိရှိရပါသည်။

         အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အွန်းလိုင်းစနစ်ဖြင့် ရောင်းချရာတွင် လိုက်နာကျင့်သုံးရမည့် အချက်အလက်များနှင့် မိမိတို့လျှောက်ထားသည့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်ရန်နှင့် မှတ်ပုံတင်လျှောက်ထားရာတွင် မြေပြင်အချက်အလက်များ ကွဲလွဲမှု မရှိစေရန်အတွက် အထူးဂရုစိုက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)