
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ကျေးရွာအုပ်စုများရှိ ဆန်စက်များ၏ ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးကြိတ်ခွဲထုတ်လုပ်မှုနှင့် My Ro သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ထားမှုအခြေအနေအား ဒီဇင်ဘာလ(၂၄)ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်၊ သက်ဆိုင်ရာကျေးရွာအုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ထမ္မနိုင်၊ ကန်သုံးကန်၊ ဖရံချောင်း၊ ငါးဘလောက်သောက်၊ သမင်ခြံ၊ ကျုံးဒရယ်၊ ကျူတောချောင်း၊ သခွပ်ပင်ကျေးရွာအုပ်စုများမှ ဆန်စက်များတွင် မိုးစပါးကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင် သက်တမ်းတိုးဆောင်ရွက်မှု၊ My Ro သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ထားမှုအခြေအနေနှင့် မြို့နယ်စည်ပင်သာဘာရေးအဖွဲ့မှ စည်ပင်လုပ်ငန်းလိုင်စင်လျောက်ထားမှုအခြေအနေတို့အား ပူးပေါင်းအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူများက စီးပွားရေးလုပ်ငန်းရှင်ဆန်စက်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဒေသအတွင်း မိုးစပါးများ ဆန်စက်များတွင် ကြိတ်ခွဲထုတ်လုပ်မှုနှင့် သိုလှောင်ထားမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
