အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဈေးများတွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၂၄.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဈေးများတွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ဈေးများအတွင်းရှိ ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေသည့်ကုန်စုံဆိုင် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသည့်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်နှင့်ပြစ်မှု၊ ပြစ်ဒဏ်များကို အသေးစိတ်ဆွေးနွေးခဲ့ကာ ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများ ကောက်ယူခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)