
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီဇင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့ရှိ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဈေးနှုန်းများမှာ မတ်ပဲ (သစ်) တစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး)တစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး)တစ်တင်းလျှင် (၉၈၀၀၀)ကျပ်၊ ပဲစဉ်းငုံတစ်တင်းလျှင် (၉၈၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၇၃၀၀၀)ကျပ်၊ ကုလားပဲဝါ (ထိုင်ဝမ်)တစ်တင်းလျှင် (၇၇၀၀၀)ကျပ်၊ ထောပတ်ပဲ တစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ ပဲပုတ်(ရှမ်း) တစ်တင်းလျှင် (၉၈၄၀၀)ကျပ်၊ ပဲပုတ်(ဗမာ) တစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်၊ ပဲကြီးတစ်တင်းလျှင် (၁၉၂၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၁၁၅၀၀၀)ကျပ်၊ စွန်တာနီ၊ပြာ တစ်တင်းလျှင် (၁၅၀၀၀၀)ကျပ်၊ ပဲနီလေး တစ်ပြည်လျှင်(၁၅၀၀၀)ကျပ်နှင့် CP ပြောင်း တစ်တင်းလျှင် (၂၆၂၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
