
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှအောက်တိုဘာလအတွင်းတွင် ဂျပန်နိုင်ငံ၏ လက်ဖက်စိမ်းတင်ပို့မှုသည် မက်ချာမှုန့်တင်သွင်းမှုများမြင့်တက်ခြင်းကြောင့်နှင့် ဂျပန်ငွေကျဆင်းခြင်းကြောင့် နှစ် ၇၀ အတွင်း တင်ပို့မှုအမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း လက်ဖက်တင်ပို့မှုသည် တန်ချိန် ၁၀၀၈၄ တန်ခန့်ရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၄၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါသည်။ ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံသို့လက်ဖက်စိမ်းများကို အဓိကတင်ပို့လျက်ရှိပြီး အမေရိကန် နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်းတွင် တန်ချိန် ၃၄၉၇ တန်ခန့် တင်သွင်းခဲ့ကြောင်း သိရပါသည်။ ဂျပန်နိုင်ငံ၏ လက်ဖက်စိမ်းတင်ပို့မှုမြင့်တက်ခြင်းသည် ၉ နှစ်ဆက်တိုက် ကြာမြင့်လျက်ရှိပြီး အဆိုပါမြင့်တက်ခြင်းသည် ကျန်းမာသော အစားအသောက် စားသုံးသူများအကြား ဂျပန်နိုင်ငံ၏အစားအစာသည် ရေဗန်းစားလာခြင်းကို ဖော်ပြနေကြောင်း သိရပါသည်။ နိုင်ငံခြားလက်ဖက်စိမ်းရောင်းချမှုများသည် မြင့်တက်လျက်ရှိသော်လည်း ၁၉၅၄ ခုနှစ်တွင် တင်ပို့မှု တန်ချိန် ၁၁၅၅၃ တန်သို့ရောက်ရှိခဲ့အပြီးနောက်ပိုင်းတွင် နှစ်စဉ်တင်ပို့မှုများသည် တန်ချိန် ၁၀၀၀၀ အောက်ကျဆင်းခဲ့ကြောင်းနှင့် ၎င်းသည် တရုတ်နိုင်ငံမှ လက်ဖက်တင်ပို့မှုများ မြင့်တက်လာခြင်းကြောင်း ဖြစ်ကြောင်း သိရပါသည်။ ဂျပန်နိုင်ငံတွင် လက်ဖက်စိမ်းဝယ်လိုအား ကျဆင်းနေသော်လည်း လက်ရှိနှစ်များအတွင်း လက်ဖက်စိမ်းတန်ဖိုးသည် ထုတ်လုပ်မှုကျဆင်းခြင်းနှင့် အတူ မြင့်တက်လာကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဂျပန်နိုင်ငံသည် လက်ဖက်တန်ချိန် ၇၄၀၀၀ တန်ခန့် ထုတ်လုပ်နိုင်ခဲ့ပါသည်။ ဂျပန်နိုင်ငံ၏ အဓိကလက်ဖက်ရွက် ထုတ်လုပ် သည့် ကာဂိုရှီးမား ခရိုင်ရှိ စိုက်ပျိုးရေးသမဝါယမအဖွဲ့အစည်း၏ ပြောကြားချက်အရ ဂျပန်နိုင်ငံ၏ လက်ဖက်စိမ်းထုတ်လုပ်မှုကို အောက်တိုဘာလနှင့် နိုဝင်ဘာလများအကြားတွင် ပြုလုပ်လျက်ရှိပြီး ပုံမှန်အားဖြင့် ၁ ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၁၆ ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်းနှင့် ယခုနှစ် လက်ဖက်စိမ်းထုတ်လုပ်မှုသည် ယခင်နှစ်ထက် ၆ ဆမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
Source: Japan Today
DOCA (ရန်ကုန်)
