
အိန္ဒိယနိုင်ငံရှိ ဝင်ငွေနည်းအုပ်စုများမှ အမျိုးသမီးငွေချေးသူများအတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ၏ စီးပွားရေးချေးငွေများ တိုးမြင့်ရရှိနိုင်စေရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် Five-Star Business Finance Limited (FBFL) နှင့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေ သဘော တူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။ အမျိုးသမီးငွေချေးသူ များအတွက် ကုမ္ပဏီ၏ MSME ချေးငွေအစုစုကို တိုးမြှင့်ရန် ရည်ရွယ်သည့် စီမံကိန်းအတွက် ချေးငွေကို အသုံးပြုသွားမည်ဟု ဘဏ်က ပြောကြားခဲ့သည်။ ရန်ပုံငွေများကို နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသော လူမှုရေးဘဏ္ဍာရေး မူဘောင်အောက်တွင် ဖြန့်ကျက်သွားမည် ဖြစ်ပြီး ADB နည်းပညာအကူအညီဖြင့်ပြင်ပမှအတည်ပြုသွားမည်ဖြစ်သည်။၎င်းသည် FBFL အား ၎င်း၏လုပ်ငန်းဆောင်တာများတွင် စိတ်ကြိုက်ပြင်ဆင်ထားသော ဖောက်သည်ထိတွေ့ ဆက်ဆံမှု၊ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အသိပညာပေးအစီအစဉ် များနှင့် အားလုံးပါဝင်သော အလုပ်ခွင်သင်တန်းများ အပါအဝင် ကျား၊မ ခွဲခြားမှုတုံ့ပြန်မှုဆိုင်ရာ အလေ့အကျင့်များကို ထည့်သွင်းရာတွင်လည်း ပံ့ပိုးပေးသွားမည်ဖြစ်သည်။ "အိန္ဒိယနိုင်ငံရှိ အမျိုးသမီး စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ အထူးသဖြင့် ဝင်ငွေနည်းပါးသော ကဏ္ဍများမှ လုပ်ငန်းရှင်များသည် အာမခံပစ္စည်းမရှိခြင်း၊ တရားမဝင်ဝင်ငွေရင်းမြစ်များနှင့် ငွေကြေးဆိုင်ရာ ဗဟုသုတ အကန့်အသတ်ရှိ ခြင်းကဲ့သို့သော စနစ်တကျအတားအဆီးများနှင့် ရင်ဆိုင်နေရကြောင်း အိန္ဒိယဆိုင်ရာ ADB ၏ နိုင်ငံ ဆိုင်ရာညွှန်ကြားရေးမှူး Mio Oka က ပြောကြားခဲ့သည်။ FBFL သည် အဆင့် ၃ မြို့များ နှင့် အခြား မြို့များရှိ MSME များကို ငွေကြေးထောက်ပံ့ပြီး အမျိုးသမီးငွေချေးသူများကို ပံ့ပိုးပေးခြင်းအပါအဝင် ဝန်ဆောင်မှုနည်းပါးသော အပိုင်းများကို ဝန်ဆောင်မှုပေးရာတွင် မှတ်တမ်းကောင်းရှိသည်။ ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတစ်ဝှမ်းရှိ ဘဏ်ခွဲပေါင်း ၇၀၀ ကျော်မှ တစ်ဆင့်လည်ပတ်နေပြီး ငွေချေးသူ ၄၀၀,၀၀၀ ကျော်ကို ဝန်ဆောင် မှုပေးလျှက်ရှိကြောင်း သိရသည်။
DOCA(ရန်ကုန်)
