P2P POS Supplier Online  Shop အား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည်(၈.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၆၇၂)၊ မဂ္ဂ လမ်း၊ (၁၂)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့သွားရောက်၍ P2P POS Supplier Online  Shopမှအီလက်ထရောနစ်ပစ္စည်းများအား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးအရာရှိကOnlineစနစ်ဖြင့် ရောင်းချနေသောအ‌ရောင်း ဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန် တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန်တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရ မည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/ မရှိကိုစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်း မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)