တရုတ်နိုင်ငံသို့တင်ပို့မှုများ ပြန်လည်ကောင်းမွန်လာသဖြင့် ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးဈေးနှုန်းများ မြင့်တက်လျက်ရှိ

Powered by Drupal

         တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့မှုများရှိလာသဖြင့် ဗီယက်နမ်နိုင်ငံတွင် မွန်ထောင်း ဒူးရင်းသီး‌ဈေးနှုန်းသည် ၁ ကီလိုလျှင် အမေရိကန်ဒေါ်လာ ၄.၇၄ ခန့်ဈေးနှုန်းများ မြင့်တက်လျက်ရှိလာကြောင်း သိရပါသည်။ Mekong Delta တွင် Ri 6 ဒူးရင်းသီးသည်လည်း ဗီယက်နမ်ဒေါင် ၄၀၀၀၀ မှ ၇၀၀၀၀ သို့မြင့် တက်လာကြောင်းနှင့် အဆိုပါဒူးရင်းသီးအမျိုးအစား သည် အဓိကတင်ပို့ သည့် ဒူးရင်းသီးဖြစ်ကြောင်း သိရပါသည်။ Delta မှ ကုန်သည်တစ်ဦး Manh Khuong က ဈေးနှုန်း များမြင့်တက်လာခြင်းသည် တင်ပို့မှုများ ပြန်လည်ချိတ်ဆက်ခြင်းကြော င့်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ သစ်သီးနှင့်ဟင်းသီးဟင်းရွက်အဖွဲ့အစည်းက ဈေးပေါသော ဒူးရင်းသီးများကို နေရာအနည်းငယ်တွင်သာတွေ့နိုင်ပြီး ၎င်းဒေသတွင်ရှိသော ဒူးရင်းသီးများသည်လည်း ပြည်ပသို့တင်ပို့ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းအဖွဲ့အစည်းက ၂၀၂၅ ခုနှစ်အတွင်း ဒူးရင်းသီးထွက်ရှိမှုသည် ရေကြီးမှုများနှင့် လယ်သမားအချို့နောင်လာမည့်နှစ်အတွက် အနားယူမှုများကြောင့် ထွက်ရှိမှုနှုန်းများကျဆင်းလျက်ရှိကြောင်း ‌ပြောကြားခဲ့ပါသည်။ Tien Giang ပြည်နယ်တွင် ဒူးရင်းသီးစိုက်ပျိုးလျက်ရှိသော Thanh ဆိုသူက ဒူးရင်းသီးဝယ်ယူမှုများ မြင့်တက်လာသော်လည်း ၎င်းအနေဖြင့် ကုန်ကျမှုစရိတ် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့မြင့်တက်လာသဖြင့် ယခုနှစ်တွင် အမြတ်ငွေများလျော့နည်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ နိုဝင်ဘာတွင် ဗီယက်နမ်နိုင်ငံသည် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၇၅၄ သန်းခန့်တင်ပို့ခဲ့ပြီး ယခင်နှစ်ထက် ၆၅ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံသစ်သီးနှင့် ဟင်းသီးဟင်းရွက်အဖွဲ့အစည်းမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံစိုက်ပျိုးရေးထုတ်ကုန်များအတွက် အဓိကတင်ပို့သည့်နိုင်ငံဖြစ်ပြီး ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်းတွင် ပို့ဆောင်မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံခန့်ရှိခဲ့ပြီး ၃ ဘီလီယံခန့်မှာ ဒူးရင်းသီး တင်ပို့မှုများမှ ရရှိခဲ့ကြောင်း သိရပါသည်။

Source: Vnexpress                                                                     

DOCA (ရန်ကုန်)