
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့၊ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွက်နေပြည်သူများအား ၂၅.၁၁.၂၀၂၅ ရက်နေ့ နေ့လယ် (၁၅း၀၀)နာရီအချိန်က ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို တိုက်ရိုက်သုံးစွဲသူပြည်သူအများရရှိခံစားရမည့် အကျိုးကျေးဇူးများနှင့် သိရှိသင့်သည့် အချက်အလက်များအကြောင်းတို့ကို ကွင်းဆင်းဟောပြောခဲ့ကြောင် သိရသည်။
ထို့နောက် တက်ရောက်လာသည့် ပန်းတနော်ရပ်ကွက်နေပြည်သူများက စားသုံးသူရေးရာဆိုင်ရာ ဟောပြောမှုများအပေါ် မရှင်းလင်းသည်များ မေးမြန်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလိုသည်များကို Consumer Call Center (1535) သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်းမှာ ခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ ခေါ်ဆိုနိင်မှု အဆင့်ဆင့်ကို ရပ်ကွက်နေပြည်သူများ သိရှိနိုင်ရန် ရှင်းလင်းပြသခဲ့ပြီး ရပ်ကွက်နေပြည်သူတစ်ဦးက စားသုံးသူအခွင့်အရေးဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်လို့ရသောဖြစ်စဉ်ကို သိရှိလို၍ မေးမြန်းလာသဖြင့် ဦးအောင်ကျော်သက်မှ အမှန်တကယ်နစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်း ၇မျိုးအကြောင်း ကိုပါ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
