
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ကျောင်းသားလူငယ်နှင့် အများပြည်သူများ ကုန်စည် (သို့) ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲတယ့်အခါ ထိခိုက် နစ်နာမှုတွေရှိရင် စားသုံးသူအခွင့်အရေး နစ်နာမှုအတွက် ဖြေရှင်ဆောင်ရွက်ပေးသည့် တိုင်ကြားနိုင်သည့် နေရာများအကြောင်း ကိုသိရှိနိုင်ရန်အတွက် ညောင်တုန်းမြို့နယ် ရွှေဟင်္သာကျွန်း အ-ထ-က ခွဲ ကျောင်းတွင် ၂၁-၁၁-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ကျောင်းသား ကျောင်းသူ ၃၅၀ဦးအား မိတ်ဖက်ဌာန များနှင့်အတူ အသိပညာပေးခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက ကျောင်းသား/ ကျောင်းသူ စားသုံးသူအခွင့် အရေးနှင့်ပတ်သက်၍ သိရှိလိုသည်များ ကို စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ်ထားသော Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်သလို စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သိရှိလိုပါက မေးမြန်းနိုင်ကြောင်း၊ စားသုံးသူအနေဖြင့်ရော၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် သိရှိလိုပါက သက်ဆိုင်ရာ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သိလိုပါက ဆက်သွယ် မေးမြန်းနိုင်ကြောင်း စားသုံးသူအရေး ကိစ္စနှင့်ပတ်သက် ၍ မည်သည့်နေရာမှ သွားစရာမလိုပဲ မိမိနေအိမ်မှတဆင့် အလွယ်တကူ ခေါ်ဆိုနိုင်သော Call Center 1535 သို့နိုင်ကြောင်း ပြည်သူများ လုပ်ဆောင်တက်စေရန် လက်တွေ့ကူညီ ဆောင်ရွက်ခဲ့ ကြောင်း၊ မည်သူတွေက ဘယ်လိုနည်းလမ်းတွေနဲ့ တိုင်ကြားလို့ ရနိုင်ကြောင်းကို သိရှိနိုင်ရန်အတွက် ဌာနမှ တိုင်ကြားမှုများကို လက်ခံဆောင်ရွက်ဖြေရှင်းပြီးခဲ့သော ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ တိုင်ကြား လို့ရသော နည်းလမ်း (၇) မျိုးရှိကြောင်း၊ တိုင်ကြားနိုင်တဲ့ နည်းလမ်း အဆင့်ဆင့် တွေကတော့ DOCA Myanmar Application, CICC Naypyi Taw လူမှုကွန်ယက်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဦးစီးမှူးရုံးတွေကို လူကိုယ်တိုင် (သို့) စာဖြင့် တိုင်ကြားနိုင်၊ CICC ဖုန်း၊ Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တစ်ဆင့် တိုင်ကြားလို့ရကြောင်း၊ ပို၍ လွယ်ကူတာကတော့ Consumer Call Center ရယ့် HOT Line No ဖြစ်တယ့် 1535 ကို Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အကြောင်း အရာတွေကို သိရှိလိုသည်ဖြစ်ဖြစ်၊ တိုင်ကြားချင်သည် ဖြစ်ဖြစ်၊ HOT Line No လေးကို အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ် တိုင်ကြားလို့ရကြောင်း ထပ်ဆင့် အသိပေးပြောကြား ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
