အင်တာနက်ဝန်ဆောင်မှုကဏ္ဍအား စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

               မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ဖြစ်သည့် အစားအသောက် ရောင်းချသည့်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)နှင့် သယ်ယူပို့ဆောင်ရေး ဝန်‌ဆောင်မှုတို့အား သတ်မှတ်ကာလအလိုက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊မြို့နယ်များတွင် စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ဦးမျိုးထွန်း (ဦးစီးအရာရှိ)ဦးဆောင်၍၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း ချမ်းအေးသာစံမြို့နယ်အတွင်းရှိ Link Fast Fiber Internet Service ၊ ATOM Intrernet Service ၊ FORTUNE BROADBAND ၊ Stream Net Internet Service စသည့် ဆက်သွယ်ရေးဝန်ဆောင်မှု(၄)ခုအား စစ်ဆေးဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာ ဦးစီးဌာန၊ ရုံးချုပ်မှ ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်နှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရန် လမ်းညွှန်ထား သည့်အချက်အလက်များ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်း၍ အင်တာနက်ဝန်ဆောင် မှုပေးသည့် လုပ်ငန်းများသို့ သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါ ကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များ သိသင့်သိထိုက်သည့် အချက်အလက်များအား  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)