
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ဆန်စပါးကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှစတင်၍ အင်္ဂပူမြို့မစည်ပင်ဈေးရှေ့ တွင် အခြေခံစားသောက်ကုန် ဧရာဝတီပေါ်ဆန်း တစ်ပြည်လျှင် (၅၀၀၀/-)ကျပ်ဖြင့် (၄၈)ပြည်အား ပြည်သူ(၁၆)ဦးနှင့် ဆင်းသုခတစ်ပြည်လျှင် (၂၀၀၀/-)ကျပ်နှုန်းဖြင့် (၁၆၈)ပြည်အား ပြည်သူ(၅၆)ဦး ကို ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောင်းချရာတွင် ပြည်သူများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေး မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်ဆန်စပါးကုန်သည်အသင်း၊ အင်္ဂပူမြို့နယ် ဆန်စက်ပိုင်ရှင်များအသင်းတို့နှင့် စာသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ရောင်းချပေးခဲ့ကြောင်း၊ ထိုသို့ရောင်းချခြင်းကို ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆက်လက်ရောင်းချ သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)
