ကိုယ်ရံကြီးပင်အကြောင်း သိကောင်းစရာများ

Powered by Drupal

             ကိုယ်ရံကြီးပင်(သိပ္ပံအမည်: Crinum asiaticum) သည် မြန်မာနိုင်ငံတွင် အပူပိုင်းဒေသများ၌ ပေါက်ရောက်ပြီး ဆေးဖက်ဝင်အပင်အဖြစ် ရှေးမြန်မာဆေးကျမ်းများတွင် အသုံးတွင်ကျယ်ခဲ့သော အပင်ဖြစ်သည်။ ၎င်းသည် ဥကြီးမားပြီး အဖြူရောင်ရှိကာ အရသာခါးသည်။ အရွက်များသည် ၁.၅ ပေမှ ၄ ပေအထိ ရှည်ပြီး စိမ်းစိုသောအရောင်ပေါ်တွင် အဝါစင်းကလေးများ ပါဝင်သည်။ အဖြူရောင် ပန်းပွင့်များသည် အနံ့မွှေးပြီး မိုးရာသီတွင် ပွင့်သည်။ မြန်မာနိုင်ငံ၏ အပူပိုင်းဒေသများ (အထူးသဖြင့် သဘာဝအရိုင်းပင်အဖြစ်) တွင် ပေါက်ရောက်ပြီး စိုက်ပျိုးပင် အဖြစ်လည်း တွေ့ရသည်။ အပင်တစ်ခုလုံးသည် ပူ၍ စပ်၊ ခါးသော ဂုဏ်သတ္တိရှိပြီး အဆိပ်ပြေခြင်း၊ လေ၊ သလိပ်၊ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများသက်သာစေခြင်း၊ အရွက်ကိုပြုတ်၍ ရေချိုးခြင်း(သို့)အရည်ညှစ်၍ လိမ်းခြင်းဖြင့် အဖုအပိမ့်၊ အရေပြားရောင်ရမ်းမှုကို သက်သာစေသည်။ အရွက်ကို မီးနှင့်ကပ်၍ နူးအောင်ပြုလုပ်ပြီး ခါးနာ၊ ဒူးရောင်နေရာများတွင် ၁ နာရီခန့် စည်းပေးက နာကျင်ရောင်ရမ်းမှု လျော့ပါးစေသည်။ ဥကိုသွေး၍ အနာပေါ်တွင် လိမ်းပေးပါက အနာလျှံ၊ အနာမီး(မီးလောင်နာ)များ ပျောက်ကင်းစေသော်လည်း  ယားယံမှု ဖြစ်တတ်သည်။ နန်းတွင်းဆေး ဝါးများတွင် "လျှာပွတ်ဆေး" အဖြစ် အသုံးပြုကာ အဆိပ်သင့်လျှင် လျှာကို ပွတ်ပေးခြင်းဖြင့် အဆိပ် ပြေစေသည်။ အပြင်ပန်းအရေပြားအတွက် အဓိကအသုံးပြုရမည်ဖြစ်ပြီး စားသုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။

            ကိုယ်ရံကြီးပင်၏ ဆေးဖက်ဝင်မှုကို မြန်မာ့ဆေးပညာစာစောင်များတွင် ထည့်သွင်းဖော်ပြ ထားသည်။ ၎င်းသည်(Amaryllidaceae) မျိုးရင်းဝင်ဖြစ်ပြီး ခတ္တာပန်း နှင့် မျိုးရင်းတူသော်လည်း ဆေးအာနိသင်မတူညီကြောင်း တင်ပြလိုက်ရပါတယ်။

DOCA(မန္တလေး)