
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကြသလို ရောင်းချမကုန်သည်များကို ဟင်းရှားပါးသည့် အရာသီများ အတွက် အခြောက်လှမ်းထားပြီး ဩဂုတ်လ စတုတ္ထပတ်လောက်တွင် ပေါ်ဦးပေါ်ဖျား မျှစ်ခြောက် ကို စတင်ရောင်းချလျက်ရှိကြောင်းနှင့် မျှစ်ခြောက်ပြုတ်များကိုတော့ ယခုလိုပေါ်ခါစကာလနှင့် နွေရာသီ ဟင်းရှားပါးချိန်များတွင် ပြုတ်၍ ရောင်းချကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း မျှစ်ချို နှင့် မျှစ်ခြောက် ဈေးနှုန်းအနေဖြင့် မျှစ်ချို တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် မျှစ်ခြောက် တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၁၅၀၀)ကျပ်၊ မျှစ်ခြောက်ပြုတ် ဈေးနှုန်းအနေဖြင့် မျှစ်ခြောက်ပြုတ် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
