မြိတ်မြို့ပေါ်ရှိ မုန်လာဥနီဈေးနှုန်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့ရှိကုန်စိမ်းဈေးများတွင် နေ့စဉ်ဈေးရောင်းသူ၊ဝယ်သူ များနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများဒေသထွက်ကုန်များအပြင် တခြားဒေသမှ ဝင် ရောက်သည့် လူသုံးကုန်နှင့်စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိပါသည်။ ဒေသတွင်း စိုက်ပျိုးနိုင်သော်လည်း ရာသီဥတုအခြေအနေကြောင့် ထွက်ရှိမှုနည်းပါသဖြင့် အိမ်တွင်းစားသုံးရန် အတွက်သာ စိုက်ပျိုးကြပြီး  ကုန်စိမ်းများတွင်‌ရောင်းချရန် ရန်ကုန်မြို့မှတင်သွင်းလျက်ရှိကြောင်း သိရှိရပါသည်။ 

          မြိတ်မြို့တွင် ယခုနိုဝင်ဘာလ တတိယပတ်၌ရောင်းချလျက်ရှိသော မုန်လာဥနီစျေးနှုန်းမှာ တစ်လုံးလျှင်(၁၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ရှိကြောင်း  ကုန်စိမ်းဈေးရောင်းချနေ သူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)