တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ရုံးပတီသီးစျေးနှုန်း

Powered by Drupal

         တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြလျက်ရှိပြီး စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ရုံးပတီများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ ရုံးပတီသီးသည် အပူပိုင်းရာသီကို ကြိုက်နှစ်သောကြောင့် မြိတ်ဒေသရှိ မြို့နှင့် ကျေးရွာများတွင်စိုက်ပျိုးကြသည်။ ကျန်းမာရေးအရ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါများပျောက်ကင်းနိုင်ပြီး ဝမ်းတွင်းအူလမ်းကြောင်းကို သက်သာစေနိုင်သော အသီးဖြစ်သည်။ ဒေသထွက်ရုံးပတီသီးများကို စမ်းချောင်းကုန်စိမ်းစျေးများနှင့် အခြားစျေးများ အရောင်းအဝယ်ပြုလုပ်ကြောင်း သိရှိရပါသည်။

     ယခု၂၀၂၅ခုနှစ်၊နိုဝင်ဘာလ တတိယပတ်အတွင်းဖြစ်ပေါ်နေသော မြိတ်မြို့၏ ရုံးပတီသီး စျေးနှုန်းမှာ ရုံးပတီသီးဆယ်တောင့်လျှင် (၁၇၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)