မိတ္ထီလာမြို့ရွှေကန်ဇွန်းဥ ဈေးနှုန်း/ ဈေးကွက်

Powered by Drupal

        မိတ္ထီလာဈေးကွက်သို့ ပင်းတယဘက်မှ ရွှေကန်စွန်းဥများကို မိတ္ထီလာမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ဈေးများတွင်တွေ့မြင်ရပြီး ဝယ်သူများလည်းကြိုက်ကြကြောင်း၊ ရွှေကန်စွန်းဥများကို (၅)ရက် ခြားတစ်ခါအချိန်ပိဿာ(၁၅၀)မှ(၂၀၀)ပိဿာခန့် ဝင်ရောက်ကြောင်းသိရပါသည်။ ရွှေကန်စွန်းဥသည် အသားနုညံ့ပြီး အနံ့ကောင်းမွန်၍ မုန့်ဖုတ်၍လည်းကောင်း၊ ကြော်ချက်စား၍လည်းကောင်း၊ ပြုတ်၍လည်းကောင်း စားသောက်ကြ၍ လူကြိုက်များသောအစားအစာတစ်မျိုး ဖြစ်ပါသည်။

      အဟာရဓာတ်အနေဖြင့် ဗီတာမင်စီ၊ ပိုတက်စီယမ်တို့ပါဝင်၍ ကိုယ်ခံအားမြှင့်တင်ပေးခြင်း၊ အစာအိမ်နှင့်အူလှုပ်ရှားမှုကောင်းစေ၍ အလေးချိန်ထိန်းလိုသူများ စားသင့်ကြောင်း သိရပါသည်။ ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ၊ဒုတိယပတ်တွင် တစ်ပိဿာလျှင် (၃၅၀၀)ကျပ်မှ(၄၀၀၀)ကျပ်ဈေးရှိကြောင်း မိတ္ထီလာမြို့၊ ပေါက်ချောင်းဈေးမှစုံစမ်း သိရှိရပါသည်။

DOCA(မန္တလေး)