
တောင်ကိုရီးယားနိုင်ငံလုပ်ငန်းစု Samsung သည် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကမ္ဘာ့လုံး ဆိုင်ရာဝယ်လိုအားမြင့်တက်လာမှုကို ဖြည့်ဆည်းနိုင်ရန်အတွက် နည်းပညာနယ်ပယ်ရှိ လူလုပ်ဉာဏ်ရည်တု (AI) တွင် အမေရိကန်ဒေါ်လာ ၃၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုကို နောက် ၅ နှစ်အတွင်း ပြုလုပ်ရန် စီစဥ်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ Samsung သည် ကမ္ဘာ့အများဆုံး ချစ်ပ်ဆက်ထုတ်လုပ်သည့် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး Ai လုပ်ငန်းနှင့် ၎င်းအပေါ်မှီခိုလျက်ရှိသော အဆောက်အဦးများအတွက် အရေးပါသော အစိတ်အပိုင်းများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့လျှပ်ကူးပစ္စည်းစျေးကွက်အတွက် အရေးပါသောနိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။ Samsung ၏ ၅ နှစ်တာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွင် ချစ်ပ်ဆက်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် လျှပ်ကူးပစ္စည်းထုတ်လုပ်မည့် Pyeongtaek စက်ရုံ ၅ ရုံ တည်ဆောက်မည့် အစီအစဥ်ပါဝင်ကြောင်း သိရပါသည်။ Pyeongtaek စက်ရုံသည် ကမ္ဘာ့လျှပ်ကူး ပစ္စည်းထောက်ပံ့ပို့ဆောင်ရေးနှင့် တောင်ကိုရီးယားနိုင်ငံပြည်တွင်းချစ်ပ်ဆက်ဂေဟစနစ်အတွက် အရေးပါသော နည်းဗျူဟာ မြောက်အခန်းကဏ္ဍအဖြစ် ပါဝင်ပါသည်။ Samsung ၏ အဆိုပါ အမေရိကန်ဒေါ်လာ ၃၁၀ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွင် Ai နှင့်မသက်ဆိုင်သော အစီအစဥ်များလည်း ပါရှိကြောင်း သိရပါသည်။ Samsung သည် ၎င်း၏ လျှပ်စစ်မော်တော် ကားများနှင့်ပတ်သက်၍ နောက်မျိုးဆက်သစ်ဘက်ထရီစီမံကိန်းလည်း ပါရှိကြောင်း သိရပါသည်။ Samsung electronics သည် ၎င်း၏အမြတ်ငွေများသည် ယခုနှစ် တတိယပတ် သုံးလကာလအတွင်း ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်းနှင့် အဆိုပါမြင့်တက်မှုသည် AI လိုအပ်ချက်ကို ဖြည့်ဆည်းမှုများကြောင့် ရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရပါသည်။ Ai နှင့်ပတ်သက်သော ရင်းနှီးမြှုပ်နှံမှုများသည် ကမ္ဘာ့အနှံ့တွင် မြင့်တက်မှုများရှိနေပါသည်။ Samsung ၏ အဆိုပါရင်းနှီးမြှုပ်နှံမှုသည် တောင်ကိုရီးယားနိုင်ငံ အစိုးရက နောင်လာမည့် ၃ နှစ်အတွင်းတွင် Ai ၌ ရင်းနှီးမြှုပ်နှံမှုများ ၃ ဆ မြှင့်တင်မည့်ဟု ကတိကဝတ်ပြုလုပ်မှုအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ တောင်ကိုရီးယား နိုင်ငံသမ္မတ Lee Jae Myung သည် တောင်ကိုရီးယားနိုင်ငံအား ကမ္ဘာ့ထိပ်သီး Ai စွမ်းအားနိုင်ငံ ၃ ခုထဲတွင် ပါဝင်အောင် ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: The Daily Star
DOCA (ရန်ကုန်)
