
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကုန်စည်အမျိုးအစားအလိုက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ လစဉ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ရပ်ကွက်အတွင်းဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက်ရှိ စိတ်တိုင်းကျ အချိုရည်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေး၊ အောင်ချမ်းသာ အချိုရည်နှင့်အဖျော်ယမကာရောင်းဝယ်ရေးဆိုင်များမှ Royal D(သီးစုံ ဓာတ်ဆားအားဖြည့်ဖျော်ရည်)၊ Speed အားဖြည့်အချိုရည်၊ VeVe လိုင်ချီအချိုရည်၊ SHARK အားဖြည့်အချိုရည်၊ Sunkist လိမ္မော်အရသာအချိုရည်တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှုရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အသင့်သောက်အချိုရည်များသည် ကလေးများ အရွယ်စုံလူတန်းစားမရွေးကြိုက်နှစ်သက်ကြသဖြင့် ဘေးအန္တရာယ်ကင်းစေရန်နှင့် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံသောအချိုရည်များကို ရွေးချယ်ဝယ်ယူရောင်းချကြရန် ရောင်းချသူလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
