
အမေရိကန်နိုင်ငံသမ္မတ Donald Trump သည် အောက်တိုဘာ ၂၀ ရက်နေ့တွင် ၎င်းအနေ ဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်စေရန်အတွက် မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများသို့ အလည်အပတ်ခရီး လာရောက်လည်မည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှုအသစ်ဖြစ်ပွားခဲ့သော် လည်း Trump သည် တရုတ်နိုင်ငံ သမ္မတ Xi Jinping နှင့် တောင်ကိုရီးယားနိုင်ငံ၌ ကောင်းမွန်သော တွေ့ဆုံမှုတစ်ခုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ Trump သည် Asia- Pacific စီးပွားရေးထိပ်သီးအစည်းအဝေးအတွက် အောက်တိုဘာလ နောက်ပိုင်းတွင် Xi Jinping နှင့်အတူ သီးသန့်ဆွေးနွေးရန်အတွက် တောင်ကိုရီးယားနိုင်ငံသို့ လည်ပတ်မည်ဖြစ်ကြောင်း ထပ်တစ်လဲလဲ သတင်းမီဒီယာများသို့ ပြောကြားခဲ့ပါသည်။ သို့ရာတွင် Trump သည် ၎င်း၏ မလေးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံများသို့ လည်ပတ်မည့်အစီအစဥ်ကို လူသိရှင်ကြားကြေညာခြင်း သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရပါသည်။ ဂျပန်နိုင်ငံအစိုးရ၏ သတင်းအချက်အလက်များ အရ အမေရိကန်သမ္မတ Donald Trump သည် အရှေ့တောင်အာရှနိုင်ငံများနှင့် ၎င်း၏ တွဲဖက်များ ပါဝင်သော သီးသန့်ဒေသတွင်းညီလာခံအတွက် မလေးရှားနိုင်ငံသို့ လည်ပတ်မှု အပြီးတွင် ဂျပန်နိုင်ငံ၌ ၃ ရက်ကြာ လည်ပတ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ဂျပန်နိုင်ငံသို့ လည်ပတ်မှုအပြီးတွင် တောင်ကိုရီးယားနိုင်ငံသို့ ဆက်လက်လည်ပတ်သွားမည် ဖြစ်ကြောင်း နှင့် ၎င်း၏ အာရှနိုင်ငံများသို့ ဆက်တိုက်လည်ပတ်မှုခရီးစဥ်သည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သတင်းအချက်အလက်များအရ သိရပါသည်။
Source: The Edge Malaysia
DOCA (ရန်ကုန်)
