တောင်ကိုရီးယားနိုင်ငံ၏ ကားတင်ပို့မှုသည် စက်တင်ဘာလတွင် ၄ လ မြောက်အဖြစ်တိုးတက်

Powered by Drupal

      ဥရောပနှင့် အာရှတို့၏ ဝယ်လိုအား ခိုင်မာမှုကြောင့် တောင်ကိုရီးယားနိုင်ငံ၏ မော်တော် ယာဉ်တင်ပို့မှုသည် စတုတ္ထမြောက်လအဖြစ် တိုးတက်လာခဲ့ကြောင်း အစိုးရ၏ အချက်အလက် များအရ သိရှိရပါသည်။

          ကုန်သွယ်ရေး၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ အဆိုအရ စက်တင်ဘာလတွင် ကားတင်ပို့မှုသည် တစ်နှစ်တာကာလအတွင်း ၁၆.၈ ရာခိုင်နှုန်း တိုးတက်ကာ အမေရိကန်ဒေါ်လာ ၆.၄၁ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ဇွန်လကတည်းက ဆက်တိုက်တိုးတက်နေခဲ့ပါသည်။

          အမေရိကန်နိုင်ငံသို့ ကားတင်ပို့မှုသည် ၇.၅ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၃၈ ဘီလီယံ ရှိခဲ့သော်လည်း ဥရောပသမဂ္ဂနှင့် အာရှ သို့ တင်ပို့မှုသည် နှစ်ဆတိုးတက်လာခဲ့ ပါသည်။ ဥရောပသမဂ္ဂသို့ အမေရိကန်ဒေါ်လာ ၉၅၈ သန်းနှင့် အာရှသို့ အမေရိကန်ဒေါ်လာ ၈၂၃ သန်း တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

          သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းသော ဆီဒင်ကားများ တင်ပို့မှုသည် ပြီးခဲ့သည့်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာလတွင် ၂၂.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၆၇ ဘီလီယံ အထိ ရှိခဲ့ပါသည်။

          တင်ပို့ခဲ့သော ယာဉ်အရေအတွက်သည် စက်တင်ဘာလတွင် ၂၂၈၁၅၃ စီးရှိပြီး ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ကားပစ္စည်းအစိတ်အပိုင်းများ တင်ပို့မှုသည် ၆ ရာခိုင်နှုန်းမြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၁.၉၂ ဘီလီဘံ အထိရှိခဲ့ပါသည်။

          ပြည်တွင်းစက်ရုံများတွင် ထုတ်လုပ်သည့် မော်တော်ယာဉ်အရေအတွက်သည် တစ်နှစ်တာ အခြေခံဖြင့် ၈.၉ ရာခိုင်နှုန်း တိုးတက် လာပြီး ၃၃၄၃၁၉ စီး အထိ ရှိခဲ့ပါသည်။ ပြည်တွင်း၌ ထုတ်လုပ်သော မော်တော်ယာဉ်များနှင့် ပြည်ပမှ တင်သွင်းသော မော်တော်ယာဉ်များ အပါအဝင် ပြည်တွင်း၌ ရောင်းချသော ကားအရေအတွက်မှာ စက်တင်ဘာလတွင် ၁၅၇၈၉၈ စီးဖြစ်ပြီး ယခင် နှစ်ကထက် ၂၀.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

Source : Xinhua                                                                               

  DOCA (ရန်ကုန်)