မက္ကဆီကိုနိုင်ငံမှအကြီးစားယာဉ်များအပေါ်အကောက်ခွန်လျှော့ပေါ့ရန် စီစဉ်နေသည့် အမေရိကန်နိုင်ငံ

Powered by Drupal

       မကြာသေးမီက ကြေညာခဲ့သော မက္ကဆီကိုနိုင်ငံမှအလတ်စားနှင့် အကြီးစားယာဉ်များ အတွက် အခွန် ၂၅ ရာခိုင်နှုန်းအပေါ် လျှော့ပေါ့ပေးရန်အမေရိကန်နိုင်ငံမှ စီစဉ်လျှက်ရှိကြောင်း မက္ကဆီကို စီးပွားရေးဝန်ကြီး Mercelo Ebrard က အောက်တိုဘာလ ၁၇ ရက်နေ့တွင်ပြောကြားခဲ့ သည်။ အဆိုပါယန္တရားသည် အပေါ့စားယာဉ်များအတွက် အသုံးပြုသည့်ပုံစံနှင့် ဆင်တူမည်ဖြစ်ပြီး၊ မော်တော်ယာဥ်ထုတ်လုပ်မှုတွင် နှစ်နိုင်ငံအကြား အစိတ်အပိုင်းများ မြင့်မားစွာပေါင်းစပ်မှုကြောင့် မက္ကဆီကိုကို အကျိုးပြုကြောင်း Ebrard ပြောကြားခဲ့သည်။ "အမေရိကန်အစိုးရက အခွန် လျှော့ပေါ့မှုလုပ်ငန်းစဉ်ရှိကြောင်း ပြောကြားထားပြီး ၎င်းသည် မက္ကဆီကိုတွင် လည်ပတ်နေသော ကုမ္ပဏီ အများအပြားအား အကျိုးရှိစေမည်ဖြစ်ကြောင်း Ebrard က သတင်းထောက်များအား ပြောကြားခဲ့သည်။

      အမေရိကန်သမ္မတ Donald Trump သည် နိုဝင်ဘာ ၁ ရက်မှစတင်၍ တင်သွင်းလာသော အလတ်စား နှင့် အကြီးစား ထရပ်ကားများအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည်ဟု ယခုသီတင်း ပတ်အစောပိုင်းတွင် ကြေညာခဲ့သည်။ အလားတူ အပေါ့စားယာဉ်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမှုသည် ဧပြီလကတည်းက သမ္မတအမိန့်အရ အသက်ဝင်ခဲ့သည်။ မက္ကဆီကိုနှင့် ကနေဒါတွင် ထုတ်လုပ်သည့် ကားများသည် နည်းပညာအရ အခွန်ကောက်ခံသော်လည်း၊ မြောက် အမေရိက လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်၏ အကြောင်းအရာ လိုအပ်ချက်များနှင့် ကိုက်ညီသော ကားထုတ်လုပ်သူများသည် အမေရိကန်လုပ် အစိတ်အပိုင်းများ၏ တန်ဖိုးကို နုတ်ယူ ကောက်ခံသွားမည်ဖြစ်ကြောင်းသည်။

 DOCA(ရန်ကုန်)