တောင်ကိုရီယားနိုင်ငံ၏ ပို့ကုန်ပမာဏ စက်တင်ဘာလတွင် ၁၄.၄ ရာခိုင်နှုန်းတိုးတက်

Powered by Drupal

       တောင်ကိုရီးယားနိုင်ငံသည် အီလက်ထရောနစ်ပစ္စည်းများ၏ ခိုင်မာသော ဝယ်လိုအား ကြောင့် ပို့ကုန်ပမာဏသည် ၈ လ ဆက်တိုက် တိုးတက်ခဲ့ကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့ ထုတ်ပြန်သော ဗဟိုဘဏ်အချက်အလက်များအရ သိရှိရပါသည်။

          ကိုရီးယားဘဏ် (BOK) ၏ အဆိုအရ ပို့ကုန်ပမာဏ အညွှန်းကိန်းသည် ယခင်နှစ်ကထက် စက်တင်ဘာလတွင် ၁၄.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီလမှစ၍ ဆက်လက်တိုးတက်ခဲ့ ပါသည်။

          ကွန်ပျူတာနှင့် အီလက်ထရောနစ်ပစ္စည်း ကိရိယာများ၏ တင်ပို့မှုသည် စက်တင်ဘာလ တွင် နှစ်စဉ်အခြေခံဖြင့် ၁၆.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ဓာတုပစ္စည်းများနှင့် သယ်ယူပို့ ဆောင်ရေး ကိရိယာများ၏ ပို့ကုန်ပမာဏသည် ဂဏန်းနှစ်လုံးတိုးတက်ခဲ့ပြီး ရေနံထွက်ပစ္စည်း များ၊ သတ္တုထွက် ပစ္စည်းများ၊ စက်ယန္တယားများနှင့် လျှပ်စစ်ပစ္စည်းများ၏ တိုးတက်မှုသည် ဂဏန်းတစ်လုံး တိုးတက်ခဲ့ ပါသည်။

          ပို့ကုန်တန်ဖိုး အညွှန်းကိန်းသည် စက်တင်ဘာလတွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ သွင်းကုန်ပမာဏညွှန်းကိန်းသည် ၁၃.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး သွင်းကုန်တန်ဖိုးညွှန်းကိန်းသည် ၇.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

          ကုန်ပစ္စည်းများအတွက် အသားတင်ကုန်သွယ်မှု စည်းမျဉ်းသတ်မှတ်ချက်ညွှန်းကိန်း သို့မဟုတ် ပို့ကုန်ဈေးနှုန်းနှင့် သွင်းကုန်ဈေးနှုန်းအချိုးသည် စက်တင်ဘာလတွင် နှစ်စဉ်အခြေခံ ဖြင့် ၃.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ၎င်းသည့် ပို့ကုန်ဈေးနှုန်းထက် သွင်းကုန်ဈေးနှုန်း ပိုမိုမြန်ဆန်စွာ ကျဆင်းမှုကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

  DOCA (ရန်ကုန်)