
နော်ဝေနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်တွင် ၂ ရာခိုင်နှုန်း တိုးတက်ရန်ခန့်မှန်းပြီး ၂၀၂၆ ခုနှစ်တွင် ၂.၁ ရာခိုင်နှုန်း တိုးတက်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ အောက်တိုဘာလ ၁၅ ရက်နေ့ ထုတ်ပြန်သော အကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါသည်။
စီးပွားရေးလုပ်ငန်းများမှာ ပြီးခဲ့သည့်နှစ်ထက် ပိုမိုလျင်မြန်စွာ တိုးတက်နေပြီး အလုပ် လက်မဲ့ နှုန်းမှာလည်း ကျဆင်းလျက်ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား ပါသည်။ စားသုံးသူအညွှန်းကိန်း ငွေကြေးဖောင်းပွမှုများလည်း ကျဆင်းနေပြီး လုပ်ခလစာများ လည်း တိုး တက် လျက်ရှိပါသည်။
မှတ်ပုံတင်ထားသော အလုပ်လက်မဲ့နှုန်းသည် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် နှစ်ခုလုံးတွင် ၂.၁ ရခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပါသည်။ စုစုပေါင်းဈေးနှုန်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ယခုနှစ် ၂.၈ ရာခိုင်နှုန်းမှ လာမည့်နှစ်တွင် ၂.၂ ကျဆင်းမည်ဟု ခန့်မှန်းထားပါသည်။ အခြေခံငွေကြေး ဖောင်းပွ မှုမှာလည်း အလားတူကာလအတွင်း ၂.၉ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းသို့ လျော့ကျ မည်ဟု ခန့်မှန်း ထားပါသည်။
DOCA (ရန်ကုန်)
