လာအိုတွင် ထောက်ပံ့ပို့ဆောင်ရေးတိုးချဲ့မည့် Viettel

Powered by Drupal

       Viettel Military Industry and Telecoms Group (Viettel) သည် လာအိုတွင် Unitel Logistics ဖွင့်လှစ်ပြီး ထောက်ပံ့ပို့ဆောင်ရေးနှင့် နိုင်ငံတကာသယ်ယူပို့ဆောင်ရေးကဏ္ဍသို့ တိုးချဲ့ မည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့က ကြေညာခဲ့ပါသည်။ အခမ်းအနားကို ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Phan Van Giang နှင့် လာအိုကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မှူး ကြီး Khamliang Outhakaysone တို့က ကာကွယ်ရေးဝန်ကြီးဌာန ၂ ခုစလုံးမှ အကြီးတန်းတာဝန် ရှိသူများနှင့်အတူတက်ရောက်ခဲ့ကြောင်း သိရပါသည်။ Unitel Logistics ကို Viettel Post နှင့် Unitel တို့ကြားပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ၎င်း ကို ထောက်ပံ့မှုကွင်းဆက်စီမံခန့်ခွဲမှုနှင့် လည်ပတ်မှုများအတွက် ဘက်ပေါင်းစုံဒစ်ဂျစ်တယ်နည်း ပညာများကို အသုံးပြုထားသော ပေါင်းစပ်ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းဖြစ်လာရန် ဖန်တီးထား ကြောင်း သိရပါသည်။ Unitel Logistics သည် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများ၊ သိုလှောင် ရုံများ၊ နိုင်ငံတကာသယ်ယူပို့ဆောင်ရေးနှင့် နှစ်နိုင်ငံအကြားကုန်ပစ္စည်းများအတွက် ဝယ်လိုအား မြင့်တက်လာမှုကို ဖြည့်စည်းရန် နယ်စပ်ဖြတ်ကျော် e-commerce တို့ကို အဓိက ရည်ရွယ်ကြောင်း သိရပါသည်။ ထိုဖွင့်လှစ် မှုသည် အောက်တိုဘာ ၈ ရက်နေ့က လာအိုတွင်ပြည်တွင်းထောက်ပံ့မှု ကွင်းဆက်တည်ထောင် ရန် Viettel Post Laos နှင့် Unitel တို့ကြား ပူးပေါင်းဆောင်ရွက်မှုသဘော တူညီချက်နောက် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ နှစ်ဖက်စလုံးသည် သယ်ယူပို့ဆောင်ရေး ကွန်ယက်၊ သိုလှောင်ရုံစနစ်၊ ကုန်ပစ္စည်းပေါင်းစည်းရေးစင်တာများနှင့် နယ်စပ်ဖြတ်ကျော်လမ်း ကြောင်းများတည်ဆောက်လိမ့်မည်ဖြစ်ကြောင်း သိရပါသည်။ ကနဦး အဆင့်တွင်Unitel Logistics သည် Oudomxay ၊ Vientiane နှင့် Savannakhet တို့တွင် အဓိက ထောက်ပံ့ပို့ဆောင်ရေးစင်တာများပါဝင်သော နိုင်ငံတစ်ဝှမ်းအခြေခံအဆောက်အအုံများ၊ ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်နယ်စပ်ဂိတ်များတွင် သိုလှောင်ရုံများ၊ မြို့တော်များနှင့် ပြည်နယ်များ တစ်လျှောက် ဝန်ဆောင်မှုစင်တာ ၁၅၀၀ ကျော်တို့တွင် ရင်းနှီးမြှုပ်နှံမည်ဟု သိရပါသည်။ သယ်ယူ ပို့ဆောင်ရေးကွန်ယက်တွင်လည်း လမ်းမ၊ ရေကြောင်းနှင့် လေကြောင်းတို့ပါဝင်ပြီး ဒေသတွင်း စီးပွားရေးအချက်အချာများနှင့် တိုက်ရိုက်ချိတ်ဆက်မည်ဟု သိရပါသည်။ Unitel Logistics သည် အစိုးရများနှင့် ကာကွယ်ရေးဝန်ကြီးဌာနများအကြားအားကောင်း‌သောပူးပေါင်း ဆောင်ရွက်မှု၏ ဥပမာတစ်ခုဖြစ်ပြီး ဒေသတွင်းအဓိကစီးပွားရေး၏အဓိကထောက်တိုင်ဖြစ်သော ကြေးနန်း ဆက်သွယ်ရေးမှ ထောက်ပံ့ပို့ဆောင်ရေးသို့ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်း ဖြစ်ကြောင်း သိရပါ သည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)