
မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ထန်းလုပ်ငန်းစသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ မိုးငရုတ် များကိုလည်းစိုက်ပျိုးထားကြောင်း၊ မိုးငရုတ်ကို မေလနှင့် ဇွန်လ တို့တွင် စတင်စိုက်ပျိုးပြီး၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန် ကာအထိ (၄) လခန့်ကြာမြင့်ကြောင်းသိရှိရသည်။
၂၀၂၅-၂၀၂၆ ခုနှစ်၊ မြင်းခြံမြို့နယ်တွင် မိုးငရုတ်စိုက်ဧကပေါင်း (၇၆) ဧကစိုက်ပျိုးထားရှိ ကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မိုးငရုတ်များကို နဘူးအိုင်ရွာ၊ တလုပ်ရွာ၊ တောပုရွာ၊ အနိမ့်ရွာနှင့် ပတ္တာကျေးရွာများတွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် (၄၀၃) ပိဿာခန့်ထွက်ရှိကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိ ပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ငရုတ်သီးစိမ်း ၂၅ ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ တစ်ပိသာလျှင် (၄၀၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်စက်တင်ဘာလ ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက ယခုလ တွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၁၅၀၀) ကျပ်ခန့်ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊ ယခုအချိန် တွင် မြင်းခြံဈေးကွက်သို့ ပုပ္ပါးမြို့၊ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့မှထွက်ရှိသော ငရုတ်သီး စိမ်းဝင်ရောက်လာသောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိ ပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။
DOCA(မန္တလေး)
