
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိုးဦးရာသီ နှင့် တန်ဆောင်မုန်းလပြည့်နေ့များတွင် ဆေးဘက် ဝင်သည်ဟု အဆိုရှိ၍ အများဆုံးစားသုံးလေ့ရှိသော မယ်ဇလီဖူးများကို ပြုတ်၍ ဈေးထဲတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။ မယ်ဇလီပင်များကို အရိပ်ရစေရန်အတွက် မိမိတို့ နေအိမ် မျက်နှသာ လမ်းဘေးများတွင် စိုက်ပျိုးထားလျက်ရှိကြပြီး မယ်ဇလီဖူးကို သူ့ရာသီချိန်တွင် ခူးဆွတ်ရောင်းချလျက်ရှိ ကာ မယ်ဇလီဖူးကို အားလူး၊ ကြာဆံ၊ မြေပဲဆံထောင်း နှင့် ကြက်သွန်ဖြူဆီကျက်တို့ဖြင့် အရန်ဟင်း တစ်ခွက်အဖြစ် စားသုံးကြသလို ရေနွေးကြမ်းနှင့်တွဲဖက်၍ သရေစာတစ်မျိုးအဖြစ်လည်း စားသောက် အသုံးပြုကြပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချ နေသော မယ်ဇလီဖူးပြုတ် ဈေးနှုန်းအနေဖြင့် မယ်ဇလီဖူးပြုတ် တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင်(၁၅၀၀)ကျပ်၊ နို့ဆီဘူး တစ်ဘူးလျှင်(၄၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး(၃)ဘူး ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် မယ်ဇလီဖူး တစ်ပြည်လျှင်(၂၀၀)ကျပ် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
