မန္တလေးစျေးကွက်ရှိကန်စွန်းဥဈေး

Powered by Drupal

  စျေးကွက်အတွင်းသို့ ကန်စွန်းဥဝင်ရောက်မှုမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်တို့မှအဝင်များပြီး၊ကျန်ဒေသများမှလည်းဝင်ရောက်ကြောင်းသိရှိရပါသည်။ မန္တလေး တိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ် တို့တွင် ကန်စွန်းဥကို အများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ကန်စွန်းဥအတွင်းသားမှာ ငချိတ်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ လိမ္မော်ရောင်နှင့်အဝါနုရောင်တို့မှာ စျေးကွက် အတွင်းသို့ အများဆုံးတွေ့ရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလဒုတိယပတ်အတွင်း ရောင်းချသည့် ကန်စွန်းဥ တစ်ပိဿာလက္ကားစျေးမှာ ၂၅၀ဝိ/-မှ၃၅၀ဝိ/-၊လက်လီစျေးမှာ ၄၀၀ဝိ/-မှ ၅၀၀ဝိ/- တို့ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်တွင် ကန်စွန်းဥမှာ စျေးနှုန်းချိုပြီး အရောင်း သွက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ကန်စွန်းဥ ရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)