ဈေးနှုန်းအနည်းငယ်မြင့်တက်လာသော ပုဇွန်ထုပ်နှင့်ပုဇွန်ဆိတ်ဈေးနှုန်းများ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းတစ်မျိုးဖြစ်သော ပုဇွန်ထုပ်နှင့်ပုဇွန်ဆိတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ပုဇွန်ထုပ်များကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး၊ ပုဇွန်ဆိတ်များကို ကန့်ဘ လူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အတွင်း ရောင်းချခဲ့သော ပုဇွန်ထုပ်နှင့် ပုဇွန်ဆိတ်ဈေးနှုန်းများမှာ ပုဇွန်ထုပ်(၁)ပိဿာလျှင် ပုဇွန်ထုပ်(၁)ပိဿာလျှင် (၇၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၇၅၀၀)ကျပ်နှင့် ပုဇွန်ဆိတ်(၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်ဖြစ်ပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း  ပုဇွန်ထုပ်နှင့် ပုဇွန်ဆိတ်ဈေးနှုန်းများမှာ ပုဇွန်ထုပ်(၁)ပိဿာလျှင် (၇၅၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၇၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၈၈၀၀)ကျပ်နှင့် ပုဇွန်ဆိတ်(၁) ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၃၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့် တက်လာကြောင်း၊ ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)