
ကန့်ဘလူမြို့ပေါ်ရှိ ပန်းပျိုးပင်အရောင်းဆိုင်သည် ပန်းပျိုးပင်မျိုးစုံကို ရောင်းချလျက်ရှိရာ လူကြိုက်များသော ပုဏ္ဏရိပ်ပန်းပျိုးပင်များကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့မှလည်းမှာယူရောင်း ချလျက်ရှိကြောင်းသိရှိရပါသည်။ ပုဏ္ဏရိပ်ပန်းပင်သည် အလှပန်းပင် ချုံပင်ကြီးမျိုး ဖြစ်သည်။ အပူပိုင်းဒေသများတွင် တစ်နှစ်ပတ်လုံး ပုဏ္ဏရိပ်ပန်းများ အဆုပ်လိုက် အခိုင်လိုက်ဝေအောင်ပွင့် သည့်သေးငယ်သော ပန်းမျိုးဖြစ်သည်။ ရနံ့မကြွယ်သော်လည်း အရောင်အဆင်းလှသောပန်း ဖြစ်သည်။ အပူပိုင်းဒေသများတွင် အောင်မြင်ဖြစ် ထွန်းနိုင်သော နှစ်ရှည်ပင်မျိုးဖြစ်ပြီး ပုဏ္ဏရိပ် ပန်းအရောင်များမှာ အနီရောင်၊ ပန်းရောင်၊ အဝါရောင်၊ အဖြူရောင်၊ လိမ္မော်ရောင်၊ ကြက်သွေး ရောင်ဟူ၍ အရောင်မျိုးစုံရှိကြောင်း၊ ပုဏ္ဏရိပ်ပန်းပင်များကို နေအိမ်ခြံဝင်းများ၏ ခြံစည်းရိုးပင် များအဖြစ် လူကြိုက်များသော ပန်းပင်ဖြစ်ပြီး ဥယျာဉ်၊ ဘုရားကျောင်းကန်များ၊ လမ်းဘေးဝဲယာ များတွင် အလှပန်းပင်အဖြစ် စိုက်ပျိုးလေ့ကြောင်း၊ ပုဏ္ဏရိပ်ပန်းပျိုးပင် တစ်ပင်လျှင် အရောင်နှင့် အရွယ်အစားပေါ်မူတည်၍ အသေး(၁)ပင်လျှင်(၅၀၀၀)ကျပ်၊ အကြီး(၁)ပင်လျှင်(၇၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
