
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် အသင့်စားအ ကြော်အလှော်များကို ရောင်းချလျက်ရှိပါသည်။ အသင့်စားအကြော်အလှော်များကို မိသားစုတစ် နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ကြော်လှော်၍ ရောင်းချလျက်ရှိကြောင်း သိရသည်။
အသင့်စားအကြော်အလှော်များသည် အချိန်ကုန်သက်သာစေသော အစားအစာတစ်မျိုး ဖြစ်ပါသည်။ အသင့်စားအကြော်အလှော်များမှာ ငါးနီတူအစပ်ကြော်၊ ရွှေလရောင်အချိုကြော်၊ ရွှေလရောင်အစပ်ကြော်၊ အသားတုပဲငါးပိကြော်၊ လသာခြောက်အစပ်ကြော်၊ ပါလာချောင်ကြော် ဟူ၍ အမျိုးမျိုးရောင်းချလျက်ရှိကြောင်း၊ အသင့်စားအကြော်အလှော်များကို ကျောင်းသူ၊ကျောင်း သားများ၊ ရုံးသူရုံးသားများနှင့် အိမ်ရှင်မများမှ အများဆုံးဝယ်ယူကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက် တိုဘာလ ဒုတိယပတ်အတွင်း အသင့်စားအကြော်အလှော် အမျိုးအစားအလိုက်ဈေးနှုန်း အနည်း ငယ်ကွာခြားကာ (၁၀)ကျပ်သားလျှင် (၃၀၀၀မှ၅၀၀၀)ကျပ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း အကြော်အလှော်ရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
