
၉.၉.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၃း၃၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ စစ်ဆေးရာတွင် ရန်ကင်းမြို့နယ်အတွင်းစာအုန်းဆီအရောင်းဆိုင်များ၊ သတ်မှတ်ဈေးနှုန်းများဖြင့်ရောင်းချမှုရှိ/ မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချရန်၊ ပြည်သူများလစဉ်သတ် မှတ်ဆီပိဿာရရှိမှုရှိ/ မရှိ၊ စားအုန်းဆီဈေးကစားမှုများမရှိစေရန် သွားရောက်စစ်ဆေးကြပ်မတ်ခဲ့ပြီး ရန်ကင်းမြို့နယ်၊ အမှတ် (၆)၊ အမှတ်(၉)၊ အမှတ်(၁၁)ရပ်ကွက်ရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
