ညောင်တုန်းမြို့နယ် စက်သုံးဆီဆိုင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၈) ဆိုင်အား ၃.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်က မိတ်ဖက်ဌာနဆိုင်ရာများနှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင် ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအား တရားဝင်ဖွင့်လှစ်ခွင့် လိုင်စင်ရှိ/မရှိ၊ သိုလှောင်ခွင့်လိုင်စင်၊ တရားမဝင်စက်သုံးဆီများ သိုလှောင်ထားခြင်းရှိ/မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)