စားသောက်ဆိုင်များအား ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် စားသောက်ဆိုင်များ ကျန်းမာရေးနှင့် အညီဘေးအန္တရာယ်ကင်းရှင်း‌ရေး စစ်ဆေးခြင်းလုပ်ငန်းကို ၃.၁၀.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ၀န်ထမ်းများနှင့် ပူး‌ပေါင်းအဖွဲ့သည် ပန်းတနော်မြို့နယ်အတွင်း၌ အစားအသောက်များရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အညီ‌ဆောင်ရွက်ထားရှိမှုရှိ/ မရှိ၊ ရက်လွန်အစားအစာများရောင်းချမှုရှိ/ မရှိ၊ သန့်ရှင်းလတ်ဆတ်မှုရှိ/ မရှိနှင့် ဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍ စားသုံးသူအခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိစွာရောင်းချနိုင်ရး စသည်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ စျေးကွက်အတွင်း ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ ရပ်ကွက်‌/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)