ထားဝယ်မြို့ရှိ ကမ်းနားဈေး၊ ညနေဈေး၊ စည်ပင်သာယာဈေးနှင့် ပိန္နဲတောဈေးတို့တွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ခိုင်ရွှေဝါပန်းနှင့် ဇော်စိမ်းပန်း(ထားဝယ်အခေါ်) ညောင်အိုးပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များကြပြီး နေရာတိုင်း၌ အသုံးပြုတတ်သော စံပယ်ပန်းများကို ထားဝယ်ဒေသအနီးတစ်ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချ လျက်ရှိပြီး မြို့ပေါ်ရှိဈေးများသို့ ကြိုးဖြင့်သီ၍လည်းကောင်း၊ အုန်းလက်အတံ များဖြင့် လည်းကောင်း သီ၍ လာရောက်ရောင်းချကြပြီးကြိုးဖြင့်သီပြီးသား(၁)ကုံးလျှင် (၂၀၀)ကျပ်၊ အုန်းလက်တံဖြင့် သီပြီးသား (၁)စည်းလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းအသီးသီးရောင်းချလျက် ရှိပြီးလူကြိုက်များကြကြောင်း သိရှိရပါ သည်။
DOCA(တနင်္သာရီ)
