“အစေ့ထုတ်ပြောင်းများအောင်မြင်စွာဖြစ်ထွန်းလျက်ရှိ”

Powered by Drupal

              ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ အစေ့ထုတ်ပြောင်း စိုက်ဧက(၄၈၁)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ အစေ့ထုတ်ပြောင်းကို ဇွန်လကုန် စက်တင်ဘာလဆန်းတွင် စတင်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးစနစ် အနေဖြင့် ဘောင်ဖြင့်အတန်းလိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ တစ်ပင်ကို (၉)လက်မခန့် ခွာ၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး (၁၄)ရက် (၁၅)ရက်တွင် အပင်သားခွဲပေးရကြောင်း၊ အစေ့ ထုတ်ပြောင်း စိုက်ပျိုးရာတွင် တစ်ပင်တစ်ဖူးနှုန်းထားလျှင် ပိုကောင်းကြောင်း၊ စိုက်ပျိုးသော မျိုးအနေဖြင့် ဆင်းရွှေလီစပ်မျိုး(၅)၊ ရွှေဝါ(၁) စပ်မျိုး(၅)များ စိုက်ပျိုးကြောင်း၊ အစေ့ထုတ်ပြောင်း စိုက်ပျိုးမှုတစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် ယခင်နှစ် (၅၀-၆၀) ခန့် ထွက်ရှိကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ စဉ့်ကိုင်ကြီးနှင့် ကြက်မျှားရွာများတွင် အများဆုံး စိုက်ပျိုးကြပြီး အစေ့ထုတ်ပြောင်း ဈေးနှုန်းအနေဖြင့် တစ်တင်း(၃၂၀၀၀/-)ကျပ်ဈေးဖြင့် ရောင်းဝယ် လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းကို မွေးမြူရေး၊ လုပ်ငန်းသုံးပြောင်းဖူး ကစီမှုန့်နှင့် ပြောင်းဖူးဆီ များထုတ်လုပ်ရောင်းချကြကြောင်း၊ အစေ့ထုတ်ပြောင်း ပေါ်ချိန်တွင် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးပွဲရုံများသို့ တင်ပို့ရောင်းချလျက် ရှိကြောင်း၊ နိုဝင်ဘာလတွင် ထွက်ရှိမည်ဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်းကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးလာပြီး မြေပြန့်ဒေသတွင် စိုက်ပျိုးမှုနည်းကြောင်း၊ ထွက်ပေါ်ချိန်တွင် ဈေးနှုန်း များကောင်းမွန်ပါက တောင်သူများအကျိုးအမြတ်ပိုမို ဖြစ်ထွန်းနိုင်ကြောင်း အစေ့ထုတ်ပြောင်း စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)