
ထားဝယ်မြို့ရှိ ကမ်းနားဈေး၊ ညနေဈေး၊ စည်ပင်သာယာဈေးနှင့် ပိန္နဲတောဈေးတို့တွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူ ပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ခိုင်ရွှေဝါပန်းနှင့် ဇော်စိမ်းပန်း(ထားဝယ်အခေါ်) ညောင်အိုးပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များပြီး အိမ်တိုင်း၌တွေ့ရတတ်သော ဇော်စိမ်းပန်း (ထားဝယ်အခေါ်)ညောင်အိုးပန်းများက ထားဝယ်ဒေသအနီးတစ်ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိသလို မော်လမြိုင်မြို့မှလည်းတင်ပို့လျက်ရှိကြောင်းသိရှိရပြီး ဇော်စိမ်းပန်း(၁၀) ခက်တစ်စည်းလျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်အထိရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
