
ထားဝယ်မြို့အတွင်း အလှူအတန်းရာသီစပြီဖြစ်သည့်အတွက်ကုန်ဈေးနှုန်းများ မြင့်တက် လျက် ရှိရာ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး ပုဇွန်ထုတ်များကို ငါးဒိုင်များမှ ဝယ်ယူရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ အောက်တိုဘာလတွင် ထားဝယ်မြို့၏ ပုဇွန်ထုတ် ဈေးနှုန်းများ အနေဖြင့် လက္ကားဈေး (၁)ပိဿာလျှင်(၆၇၀၀၀)ကျပ်၊ လက်လီဈေး(၁)ပိဿာလျှင်(၆၉၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက် ရှိကြောင်း ယခင်အပတ်ထက် ပုဇွန်ထုတ်ဈေးနှုန်းသိသိသာသာတက်လာသော်လည်း ဝယ်ယူသူများလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
