
မအူပင်မြို့နယ်တွင် ဘိတ်၊ ကော့သောင်း ကွမ်းသီးမျိုးခံ၍ စိုက်ပျိုးနေကြပြီး မအူပင်မြို့နယ် အနီးကျေးရွာများတွင် စိုက်ပျိုးထွက်ရှိလျက်ရှိပါသည်။ ဘိတ်ကွမ်းသီးများကိုလည်း လက်ဝယ်ဒိုင်များက နှစ်စဉ်မှာယူရောင်းချနေပြီး တစ်ပါတ်လျှင် ၆ဘီးကား (၃)စီး၊ ၁၂ဘီကား (၃)စီး မအူပင်မြို့သို့ ဝင်ရောက်နေကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ အောက်တိုဘာလအတွင်း၌ မအူပင်ဈေးကွက်တွင်ရောင်းချသော ကွမ်းသီးဈေးနှုန်းများမှာ ကွမ်းသီးအကြီးအလုံးလှ ၁လုံးလျှင် ၁၅၀ကျပ်၊ အလတ် ၁၀၀ကျပ်၊ အသေး ၈၀ကျပ်ဖြင့် လုံးကောက်ရောင်းချနေကြောင်း တွေ့ရှိရသည်။ ကွမ်းသီးတစ်အိတ်လျှင် အလုံး၁၀၀၀ပါဝင်ပြီး ၁အိတ်ဈေး ငွေကျပ် ၈၀၀၀၀-၁၀၀၀၀၀-၁၅၀၀၀၀ကျပ်ဖြင့် မှာယူရောင်းချရပြီး တစ်ပါတ်လျှင် ကွမ်းသီးအိတ် ၅၀အိတ် ၁၀၀ ထိရောင်းချရကြောင်း မအူပင်ဈေးကွက်အတွင်းရောင်းချသူထံမှ သိရသည်။
ဇူလိုင်လက ကွမ်းသီးအကြီးအလုံးလှ ၁လုံးလျှင် ၂၅၀-၃၀၀ကျပ်၊ အလတ် ၂၀၀ကျပ်၊ အသေး ၁၅၀ကျပ်ဖြင့် လုံးကောက်ရောင်းချနေကြောင်း တွေ့ရှိရသည်။ ကွမ်းသီးဈေးများကျဆင်းလာပြီး ဈေးနှုန်းကွာခြားမှုအနေဖြင့် ၁၅၀ကျပ်ထိ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ကွမ်းသီးအခွံချွတ် ၁ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် ရောင်းချနေပြီး ယခင်ဈေးနှင့် ၁၀၀၀ကျပ် ကျဆင်းလာကြောင်း တွေ့ရှိရသည်။ ဒေသတွင်း ကွမ်းသီးစိုက်ပျိုးသူများပြားလာခြင်း ကွမ်းသီးထွက်ရှိမှု များပြားလာမှုကြောင့် ဈေးနှုန်းကျဆင်းလာကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
