၉.၁၀.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၉.၁၀.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၈၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၇၀၀၀၀ ကျပ် ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၆၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပါတ်တွင် မြေပဲလုံးဆံ တစ်ပိဿာလျှင် ၇၇၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၇၈၀၀ ကျပ်ခန့် မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၄၀၀ ကျပ်ရှိရာမှ ၇၅၀၀ ကျပ်ခန့် နှမ်းနက်မှာ ၄၅ ပိဿာ တစ်အိတ်လျှင် ကျပ် ၆၆၀၀၀၀ ကျပ်ရှိရာမှ ၆၇၀၀၀၀ ကျပ်ခန့် ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် ၁၅၈၀၀ ဝန်းကျင်ရှိရာမှ ၁၆၀၀၀ ရှိမည်ဟု ခန့်မှန်းကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA(ရန်ကုန်)