သီတင်းကျွတ်အခါသမယ အရောင်းအဝယ်သွက်နေနဲ့ မုန့်မျိုးစုံနှင့် မုန့်ခြင်းဈေးကွက်

Powered by Drupal

    မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသောနိုင်ငံဖြစ်ပြီး သက်ကြီးရွယ်အို အဘိုး အဘွားများ၊ မိဘ၊ ဆရာသမားများအား သားသမီး၊ မြေး၊ မြစ်များနှင့် တပည့်တပန်းများက စုပေါင်း ၍ဖြစ်စေ၊ တစ်ဦးချင်းအနေဖြင့်ဖြစ်စေ ပူဇော်ကန်တော့ကြပါသည်။ မိဘဘိုးဘွား၊ ဆရာသမားများ ထံတွင် အပြစ်ရှိသမျှတို့ကို သည်းခံခွင့်လွှတ်၊ ကျေအေးနားလည်ပေးပါရန်နှင့် လေးစားသမှုဖြင့် ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးသည့် မင်္ဂလာရှိသော နေ့ကောင်းရက်မြတ်ဖြစ်ပါသည်။ ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယမှာ လူကြီးမိဘ၊ ဆရာသမားများ၊ သက်ကြီးဝါကြီးများကို သီတင်းကျွတ် ကန်တော့ဖို့အတွက် မုန့်ခြင်းနှင့် ကန်တော့်ချင်သူတွေအတွက် ကန်တော့ခြင်းတွေအနေနဲ့ ပါဝင်တဲ့ မုန့်အမျိုးအစားနှင့် အရေအတွက်ပေါ်မူတည်ပြီး အနည်းဆုံး ကျပ် (၂၀၀၀၀) ကနေ ကျပ် (၁) သိန်းကျော်အထိရှိပြီး တန်ဖိုးမြင့်ခြင်းတွေက အရောင်းပါးပြီး ၊ ဈေးနှုန်းအသင့်အတင့်ရှိသော မုန့်ခြင်း များမှာ အရောင်းအဝယ်သွက်ကြောင်း သိရှိရပါသည်။ မုန့်စုံပုံးမျိုးစုံက ဈေးနှုန်းမျိုးစုံရှိပြီး အနည်းဆုံးကျပ် (၃၀၀၀၀)ကနေ ကျပ် (၁၀၀၀၀၀)အထိရှိပြီး ကိတ်မျိုးစုံကန်တော့ချင်များအတွက် ဈေးနှုန်း ကျပ် (၅၀၀၀) ကနေ ကျပ် (၅၀၀၀၀) အထိရှိပြီး အခြားသော မုန့်မျိုးစုံဖြင့် ကန်တော့သူ များအတွက်လည်း မြန်မာ့မုန့်မျိုးစုံနှင့် နိုင်ငံခြားမုန့်မျိုးစုံရောင်းချသည့် အရောင်းအဝယ်သွက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)