တောင်ငူမြို့နယ်အတွင်းရောင်းချနေသော ထောပတ်သီးဈေးနှုန်း

Powered by Drupal

  ထောပတ်သီးသည် အာဟာရဓာတ်များစွာကြွယ်ဝ၍ အရသာမှာဆိမ့်ဆိမ့်လေးနှင့် စားကောင်းကာ အမျှင်ဓာတ်များစွာကြွယ်ဝပါသည်။  မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့၌ အများဆုံးစိုက်ပျိုးကြပြီး ဆောင်းရာသီစာသီးနှံ တစ်မျိုးလည်းဖြစ်ပါသည်။ ယခုအောက်တိုဘာလတွင် ထောပတ်သီးများပေါများလာ၍ စက်တင်ဘာလထဲက ထောပတ်သီးကို ‌ဈေးများထဲတွင် တွေ့မြင်နေရပြီ ဖြစ်သည်။

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရောင်းချနေသော ထောပတ်သီး များသည် ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဘက်မှ ဝင်ရောက်လာကြပြီး ထောပတ်သီး အသေး တစ်လုံးလျှင် ၅၀၀ ကျပ်၊ အကြီးတစ်လုံးလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)