တောင်ငူမြို့တွင် ဂေါ်ဖီဈေးနှုန်းမြင့်တက်ပြီး ခရမ်းချဉ်သီး ၊ ခရမ်းသီး နှင့် နံနံ ဈေးနှုန်းတည်ငြိမ်လျက်ရှိ

Powered by Drupal

   တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ကုန်စိမ်းသည်များနှင့် လက်လီ/လက်ကား ရောင်းချသော ဈေးသည်များထံတွင် ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် အလုံးအသေး၊ အလတ်၊ အကြီး အရွယ်အစား ပေါ်မူတည်၍ ယခင်လက ခရမ်းချဉ်သီး တစ်ပိဿာ ၁၅၀၀ ကျပ် မှ ၃၅၀၀ ကျပ်ထိ ဈေးနှုန်းရှိသော်လည်း ယခု အောက်တိုဘာလ ဒုတိယအပါတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာ ၁၈၀၀ ကျပ် မှ ၃၀၀၀ ကျပ်ထိ ဈေးနှုန်းရှိပြီး ဈေးနှုန်းအနည်းငယ်တက်သွားပါသည်။

    ဂေါ်ဖီဈေးနှုန်းအနေဖြင့် ယခင်လ ၁ ပိဿာ ၂၀၀၀လျှင် ကျပ် ဈေးနှုန်းသာရှိပြီး ယခုလ အောက်တိုဘာ လ ဒုတိယအပါတ်တွင် ၁ ပိဿာ ၄၀၀၀ ကျပ်ထိ ဈေးနှုန်းတက်သွားပါသည်။ ၃ ပိဿာ နှင့် အထက် ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိပြီး ခရမ်းသီးမှာ ခရမ်းသီးအဖြူ နှင့် ခရမ်းသီးအညို (၂) မျိုးလုံးမှာ ၁ ပိဿာ ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ်ထိရှိပြီး ခရမ်းအဝိုင်းသီး အဖြူနှင့် ခရမ်းအဝိုင်းသီး အညို (၂) မျိုးလုံးမှာလည်း ၁ ပိဿာ ၃၀၀၀ ကျပ် မှ ၄၀၀၀ ကျပ်ထိ ဈေးနှုန်းရှိသော်လည်း ရှမ်းပြည်ဘက်မှလာသော ခရမ်းသီး အစိမ်းအရှည်သီးမှာ ၁ ပိဿာ ၄၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်ထိ ဈေးရှိကြောင်း ၊ နံနံပင်မှာလည်း ယခင်လ နှင့် ယခုအောက်တိုဘာလ ဒုတိယအပါတ်ထိ ၁ ပိဿာ ၁၀၀၀၀ ကျပ် မှ ၁၁၀၀၀ကျပ် ထိဈေးနှုန်းရှိကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သတင်း ရရှိပါသည်။

DOCA(ပဲခူး)