
ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoC) ၏ အတွင်းရေးမှူး Ok Boung သည် ၂-၉-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ကမ္ဘောဒီးယားထုတ်ကုန်များ မြှင့်တင်ရေး၊ ကုန်သွယ်မှု တိုးတက်မှုကို စောင့်ကြည့်စစ်ဆေးရန်နှင့် Sihanoukville အထူးစီးပွားရေးဇုန် (SSEZ) ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်နိုင်ရေး ကြိုးပမ်းမှုများကို သုံးသပ်ခဲ့သည်။ တွေ့ဆုံပွဲတွင် တာဝန်ရှိသူများက ပြပွဲသည် စားသုံးသူများအား ဒေသထွက်ကုန်များ ရွေးချယ်နိုင်စေရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ၏ ဈေးကွက်အမြင်ကို မြှင့်တင်ရန်နှင့် ဒေသတွင်း ပြိုင်ဆိုင်မှု မြင့်တက်လာချိန်တွင် ပြည်တွင်းထုတ်လုပ်သူများအား ပံ့ပိုးပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့ကြသည်။
Source: Khmer Times
DOCA (ရန်ကုန်)
