ဈေးကောင်းရလျက်ရှိသော  မုန်လာဥဖြူ

Powered by Drupal

   ဧရာဝတီတိုင်းဒေကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိက စိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သုံး သီးနှံများကိုလည်းစိုက်ပျိုးကြသည်။ ကြံခင်းမြို့နယ်အတွင်းရှိ တစ်ချို့ကျေးရွာများတွင် မုန်လာဥဖြူများ စိုက်ပျိုးကြပြီး ယခုနှစ် သီးနှံစပေါ်ချိန်တွင် မုန်လာဥဖြူ(အကြီး) (၅)လုံးပါတစ်တွဲလျှင် (၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်)၊ မုန်လာဥဖြူ(အလတ်) (၅)လုံးပါတစ်တွဲလျှင် (၁၂၀၀ ကျပ်မှ ၁၅၀၀) ကျပ်ဖြင့် ရောင်းချရ ပါသည်။ ယခင်နှစ်ကာလတူ ဈေးနှုန်းဖြင့် နှိင်းယှဉ်ပါက ယခုနှစ် ဈေးနှုန်းကောင်းမွန်လာကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၈၀၀၀၀၀/- ဝန်းကျပ်ခန့် ကုန်ကျပြီး၊ အကျိုးအမြတ်အနေဖြင့် သီးနှံထွက်ရှိမှုပေါ် မူတည်၍ သီးနှံ သိမ်းချိန်တွင် ကုန်ကျစရိတ်ထက် နှစ်ဆ အမြတ်ကျန်ရှိကြောင်း သိရှိရပါသည်။ ဒေသတွင်း စားသုံးမှုအပြင် တိုင်းဒေသကြီး အတွင်းသို့ ကုန်သည်များမှ တစ်ဆင့် တင်ပို့ ရောင်းချရလျက်ရှိကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)