
စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးက ဦးခိုင်လွမ်းမိုး နှင့် ဝန်ထမ်းများသည် (၂၅.၉.၂၀၂၅) ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး ဈေးရုံးခန်းမတွင် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင် (၁၁) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးက စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်း၊ ဈေးဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားသည် ၂၀၂၀ခုနှစ် မတ်လ (၁၆) ရက်နေ့မှစ၍ စတင်အာဏာသက်ရောက်နေပြီဖြစ်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သောသော ကုန်စည်များကိုသာရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခြင်း ပြစ်မှုပြစ်ဒဏ်များအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
