
ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) နှင့်အတူ ငါးလုပ်ငန်းဆိုင်ရာ ထောက်ပံ့မှုကို သဘောတူညီချက်ကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် ၎င်း၏ ကတိကဝတ်ကို ပြန်လည်အတည် ပြုလိုက်ကြောင်း သိရပါသည်။ အဆိုပါသဘောတူညီမှု သည် ငါးအလွန်အကျွံ ဖမ်းဆီး ခြင်းနှင့် ရေအရင်းအမြစ်လျော့ပါးခြင်းကို ထိန်းချုပ်စေနိုင်မည့် သမိုင်းတွင် ငါးလုပ်ငန်းဆိုင် ရာထေက်ပံ့မှုဖြစ်ကြောင်း သိရပါသည်။ လူသန်းပေါင်း ၁၁၅ သန်း ကျော်နေထိုင်သော ကျွန်းစုနိုင်ငံတစ်ခုအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသားများသည် ၎င်းတို့၏ အစား အစာနှင့် အသက်မွေးဝမ်းကျောင်းကို ငါးလုပ်ငန်းအပေါ်တွင်မှီခိုလျက်ရှိပြီး အဆိုပါ မှတ်တိုင်သည် ၎င်းတို့အတွက် အလွန်အရေးပါကြောင်း သိရပါသည်။ အဆိုပါသဘောတူညီမှုသည် ရေသတ္တဝါမျိုး ကွဲများ၏ လုံခြုံရေး၊ အစားအသောက်ဖူလုံမှု နှင့် ၎င်းတို့အသက် မွေးဝမ်းကျောင်း အထူးသဖြင့် ကမ်းရိုးတန်းဒေသတွင် ငါးဖမ်းလုပ်ကိုင်လျက်ရှိသော အလုပ်များအတွက် ကာကွယ်ရာ ရောက် ကြောင်း သိရပါသည်။ WTO က အဆိုပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက် ရန်အတွက် နည်းပညာဆိုင်ရာ အထောက်အကူနှင့် သိုလှောင်ရုံများ တည်ဆောက်မှုများဖြင့် ထောက်ပံ့ပေးရန်အတွက် ရန်ပုံငွေများ စတင်မတည်ပြီး ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ သဘောတူညီချက်တွင် စီမံကိန်း ၂ ခုပါဝင်ပြီး ပထမ အာမခံ စီမံကိန်းတွင် ရန်ပုံငွေပေါင်း အမေရိ ကန် ဒေါ်လာ ၅၀၀၀၀ ခန့် ထားရှိမည်ဖြစ်ပြီး ဒုတိယ အာမခံ စီမံကိန်းတွင် ရန်ပုံငွေပေါင်း အမေရိကန်ဒေါ်လာ ၃၀၀၀၀ ခန့် ထားရှိမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ယန္တရားဖြင့် ဖိလစ်ပိုင်နိုင်ငံသည် ရေရှည်တည်တံ့ခိုင်မြဲသော ကမ်းရိုးတန်းစီမံခန့်ခွဲမှုများကို အဆင့် မြှင့်တင် နိုင်မည်ဖြစ်ပြီး ကမ်းရိုးတန်းတစ်လျှောက်ရှိ ငါးဖမ်းလုပ်သားများအတွက် ကောင်းမွန်သော အကျိုး ခံစားခွင့်များ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံက အဆိုပါ သဘောတူညီမှုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းအရင်း အမြစ် တည်တံ့နိုင်ရေး လုပ်ဆောင်မှုကို သန်မာလာစေမည်ဖြစ်ပြီး ကမ်းရိုးအသိုက်အဝန်း၏ အနာဂတ်အတွက် ပိုမိုသေချာမှုများ ရရှိစေမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံမှ သံအမတ်ကြီး Manuel A.J Teehankee က WTO နှင့် သဘောတူညီမှု ရရှိခြင်း အပေါ် ကြိုဆိုလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည့် ငါးလုပ်ငန်းရန်ပုံငွေများ တည်ဆောက် မှုကို ကြို ဆိုလျက်ရှိကြောင်း သိရပါသည်။
Source: Philstar
DOCA (ရန်ကုန်)
