
OpenAI သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် အမေရိန်ဒေါ်လာ ၄.၃ဘီလီယံခန့် ဝင်ငွေ များ ရရှိခဲ့ပြီး တစ်နှစ်ပတ်လုံးဝင်ငွေ ၁၆ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ရှယ်ယာရှင်များ၏ ငွေစာရင်းရှင်တမ်း ထုတ်ဖော်ကြေညာချက်များအရ သိရပါသည်။ OpenAI က ၎င်း၏ လုပ်ငန်းဝင် ငွေများကို သုတေသနလုပ်ငန်းများနှင့် လူလုပ်အသိဉာဏ် AI ဖွံ့ဖြိုးတိုးတက်ရေးနှင့် ChatGPT လည်ပတ်ရေးအတွက် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံခန့် သုံးစွဲခဲ့ကြောင်း သိရပါသည်။ သုတေ သနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းသည် ပထမနှစ်ဝက်တွင် ChatGPT ထုတ်လုပ်သူအား ဒေါ်လာ ၆.၇ ဘီလီယံခန့် ကုန်ကျခဲ့ကြောင်း အစီရင်ခံစာတင်ခဲ့ပါသည်။ ၎င်းသည် ငွေသားနှင့် အာမခံငွေ ဒေါ်လာ ၁၇.၅ ဘီလီယံခန့် ရှိကြောင်း သိရပါသည်။ OpenAI သည် ၎င်း၏ ယခုနှစ် တစ်နှစ် ပတ်လုံး စာဝင်ငွေကို အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံခန့် ရရှိရန်မျှော်မှန်းလျက်ရှိပြီး လုပ်ငန်း အသုံးစရိတ် အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံခန့် သုံးစွဲမည်ဖြစ်ကြောင်း အစီရင် ခံစာများအရ သိရပါသည်။ သြဂုတ်လတွင် Reuter သတင်းဌာနမှ ထုတ်ပြန်ချက်များအရ OpenAI ၏ ရှယ်ယာ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံခန့် ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။ Nividia ကုမ္ပဏီက ပြီးခဲ့ သောအပတ်တွင် ၎င်းတို့အနေဖြင့် OpenAI တွင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့် ရင်းနှီးမှု များ တိုးချဲ့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။
Source: The Daily Star
DOCA (ရန်ကုန်)
