
တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းများတည်ရှိရာ တိုင်းဒေသကြီးဖြစ်သဖြင့် တစ်နိုင်တစ်ပိုင်လှေငယ်များ၊ စက်လှေများဖြင့် ပင်လယ်ပြင်တွင် ရေထွက် ငါး/ပုစွန်/ဂဏန်းများ ကို ဖမ်းယူလျက်ရှိရာ ထားဝယ်မြို့၊ ကမ်းနားစျေးအတွင်း ငါး/ပုစွန်ရောင်းချသည့် စျေးသည်များထံတွင် ရောင်းချလျက်ရှိသော ဝလုံးဂဏန်း(ဝသုံးလုံး)ဂဏန်းစျေးနှုန်းမှာ အောက်တိုဘာလ ပထမအပတ် အတွင်း တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ယခင်စက်တင်ဘာလနှင့်နှိုင်းယှဥ်ပါက စျေးနှုန်းအနည်းငယ်ခန့်တက်သွားကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
