
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၂၄.၉.၂၀၂၅) နေ့ နံနက် (၀၈း၃၀) နာရီမှစ၍ မအူပင် အခွန်လွတ်ဈေး၊ ကုန််စိမ်းဈေးနှင့် တာပေါ်ဈေးများတွင် ရောင်းချနေသော ပဲပြားနှင့် ပဲသွေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ပဲပြားနှင့် ပဲသွေးရောင်းချသောဆိုင်များမှ ပဲပြား၊ ပဲသွေးများကို နမူနာကောက်ယူ စစ်ဆေးမှုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
